အမျိုးသမီးဇာတ်ကောင်အသားပေး Spinoff ထွက်မယ့် Walking Dead Series အသစ်

အမျိုးသမီးဇာတ်ကောင်အသားပေး Spinoff ထွက်မယ့် Walking Dead Series အသစ်



AMC က တတိယမြောက် The Walking Dead Show အသစ်ထွက်မယ်လို့ကြေငြာလိုက်ပါသည်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ The Walking Dead ကို စတင်ပြသခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဒုတိယမြောက် Fear the walking dead ကိုပြသခဲ့ပါတယ်။
အခုတတိယမြောက် Series မှာ ငယ်ရွယ်တဲ့မိန်းကလေးနှစ်ယောက်အကြောင်းကိုအဓိကထားမှာဖြစ်ပါတယ်။
အခုအချိန်မှာ The Walking Dead ဟာအောင်မြင်မှုပြန်လည်ရရှိလာတာနဲ့အမျှ ကြည့်ရှုမှုနှုန်းတွေလဲတက်လာခဲ့ပါတယ်။
Fear the walking dead ကလဲ ပထမ Season 4 အရောက်မှာ ဇာတ်လမ်းပုံစံတစ်ခုလုံးပြောင်းလဲသွားခဲ့ပြီး တော်တော်လေးကိုကောင်းမွန်လာပါတယ်။
အခုတတိယ Show ကိုတော့နာမည်ကိုမပေးရသေးပေမယ့် ၂၀၂၀ မှာတော့ AMC မှာပြသတော့မှာဖြစ်ပါတယ်။
Ref:; EW


Comments